Internet Phone

- လူကြီးမင်းတို့၏ အိမ်၊ ကုမ္ပဏီ၊ ရုံး၊ အင်တာနက်ဆိုင်များတွင် Internet ရှိရုံဖြင့် ကွန်ပျူတာမလိုအပ်ဘဲ MyanTalk ၏ Internet Phone Adapter များ အသုံးပြု၍ နိုင်ငံတကာသို့ ဈေးနှုန်းသက်သာစွာဖြင့် တိုက်ရိုက် ဖုန်းခေါ်ဆို နိုင်ပါသည်။

Internet Phone အသုံးပြုရန်အတွက် လိုအပ်ချက်များ

  1. Internet Line
  2. MyanTalk VOIP account
  3. Internet Phone Adapter
  4. Network Cable with RJ45
  5. Fixed Phone Handset
(Note: Internet Phone အတွက် လိုအပ်ချက်များအား MyanTalk VOIP - Support Team မှ အစအဆုံး တာဝန်ယူ ဆောင်ရွက်ပေးပါသည်။)

MyanTalk VOIP Internet Phone Adapter

   Normal Price - Ks 50,000 / piece
 Discount Price - Ks 45,000 / piece

Internet Phone ချိတ်ဆက်နည်း။

- လူကြီးမင်း၏ Internet Phone Adapter အား စတင်ဝယ်ယူချိန်တွင် လူကြီးမင်း၏ MyanTalk VOIP account အား တစ်ခါတည်း ထည့်သွင်းပြီး ဖြစ်ပါသည်။

- ထို Internet Phone Adapter တွင် အောက်ပါအတိုင်း အင်တာနက် ရရှိသော Network ကြိုးအား တပ်ဆပ်ပေးပါ။
- ထို့ နောက် အောက်ပါအတိုင်း Adapter ၏ Power ကြိုး အားတပ်ဆင်ပေးပါ။
- ထို့နောက် Power ဖွင့်၍ (၁) မိနစ်ခန့် ခေတ္တစောင့်ပါ။ ပထမဦးစွာ Power မီးလင်းလာပါလိမ့်မည်။ ထို့နောက် Internet Line အချက်ပြမီးလင်းလာပါလိမ့်မည်။ ထို့နောက် Line 1 (သို့) Line 2 တွင် အဆင်သင့် ဖြစ်ကြောင်း မီးလင်းလာပါလိမ့်မည်။
- မီးလင်းလာသော Line 1 (သို့) Line 2 ၏ နောက်ဖက်တွင် ပုံမှန် Fixed Phone Handset များ တပ်ဆင်နည်းအတိုင်း လူကြီးမင်း၏ ဖုန်းအား တပ်ဆင်ပေးပါ။
- ယခုအခါ အားလုံးပြီးစီးသွားပြီ ဖြစ်သဖြင့် လူကြီးမင်းအနေဖြင့် နိုင်ငံတကာသို့ တိုက်ရိုက် ဖုန်းခေါ်ဆိုမှု ဆောင်ရွက်နိုင်ပြီ ဖြစ်ပါသည်။
(Note: Internet Phone ချိတ်ဆက်ရာတွင် ပထမဦးဆုံး တစ်ကြိမ်သာ အထက်ပါအတိုင်း ပြုလုပ်ရန်ရန်လိုအပ်ပါသည်။ ချိတ်ဆက်ပြီးစီးပါက ၂၄ နာရီပတ်လုံး ဖွင့်ထားနိုင်ပါသည်။)

Internet Phone အသုံးပြုနည်း။

  1. နိုင်ငံတကာရှိ Landline ဖုန်းများသို့ ဖုန်းခေါ်ဆိုရာတွင် "00 + Country code + Area code + Local Subscriber number" ဟု ခေါ်ဆိုရပါမည်။
    Example ... Malaysia နိုင်ငံ၏ Landline ဖုန်းနံပါတ် 03-21446822 သို့ ဖုန်းခေါ်ဆိုလိုပါက "00 60 3 21446822" ဟု ခေါ်ဆိုရပါမည်။
    နိုင်ငံတကာမှ မြန်မာနိုင်ငံ၏ Landline ဖုန်းနံပါတ် 01-542545 သို့ ဖုန်းခေါ်ဆိုလိုပါက "00 95 1 542545" ဟု ခေါ်ဆိုရပါမည်။

  2. နိုင်ငံတကာရှိ Mobile ဖုန်းခေါ်ဆိုရာတွင် " 00 + country code + phone number " ဟု ခေါ်ဆိုရပါမည်။
    Example ... Singapore နိုင်ငံ၏ Mobile နံပါတ် 85813693 သို့ ဖုန်းခေါ်ဆိုလိုပါက "00 65 85813693" ဟု ခေါ်ဆိုရပါမည်။
    နိုင်ငံတကာမှ မြန်မာနိုင်ငံ၏ Mobile ဖုန်းနံပါတ် 0973135585 သို့ ဖုန်းခေါ်ဆိုလိုပါက "00 95 973135585" ဟု ခေါ်ဆိုရပါမည်။
ဤ Internet Phone ဝန်ဆောင်မှုနှင့် ပတ်သက်၍ အကူအညီလိုပါက support@myantalk.com (သို့) ဖုန်း - 0973135585 သို့ မေးမြန်းနိုင်ပါသည်။